ပုရိသ​တွေ​ရင်​ကို အမြဲလှုပ်​ခတ်​​အောင်​လုပ်​နိုင်​တဲ့ ခန္ဓာကိုယ်​​ကောက်​​ကြောင်းပိုင်​ရှင်​ သင်ဇာဝင့်ကျော်က​တော့ ပရိသတ်​တိုင်းသိကြတဲ့ မင်းသမီးတစ်​လက်​ပဲဖြစ်​ပါတယ်​။

 

ကျော်

ပုရိသ​တွေ​ရင်​ကို အမြဲလှုပ်​ခတ်​​အောင်​လုပ်​နိုင်​တဲ့ ခန္ဓာကိုယ်​​ကောက်​​ကြောင်းပိုင်​ရှင်​ သင်ဇာဝင့်ကျော်က​တော့ ပရိသတ်​တိုင်းသိကြတဲ့ မင်းသမီးတစ်​လက်​ပဲဖြစ်​ပါတယ်​။

ဆွဲ​ဆောင်​မှုရှိတဲ့ အလှအပနဲ့ သရုပ်​​ဆောင်​နိုင်​မှု​တွေ​ကြောင့် အနုပညာ​လောကမှာ ဆယ်​စုနှစ်​တစ်​ခုကြာရပ်​တည်​​နေတဲ့သူမက​တော့ ပရိသတ်​ကို အထိတ်​တလန့်ဖြစ်​​အောင်​ လုပ်​လိုက်​ပြန်​ပါတယ်​။

သင်ဇာက သူ့ရဲ့​ဖေ့ဘွက်​စာမျက်​နှာမှာ “အလွန်အရေးကြီးသည် လွန်ခဲ့တဲ့ 14 ရက်ကျော်လောက်က ငါ့ကို ဘယ်လိုပဲဖြစ်ဖြစ် ဆက်သွယ်ခဲ့တဲ့သူတိုင်း အိမ်တွင်းမှာနေပြီး အနီးစပ်ဆုံး အရေးပေါ်ဌာနကို ဆက်သွယ်သင့်တယ်… ငါ့သူငယ်ချင်းတွေ ၊ မိသားစုတွေ ၊ ငါနဲ့ နီးစပ်တဲ့ သူတွေ အားလုံးကို တောင်းပန်ပါတယ် ။ ငါ့မှာ ရက်အနည်းငယ်လောက် လက္ခဏာတွေ ရှိခဲ့ပြီးပြီ ။ အခုလေးတင်ပဲ အတည်ပြုပြီးပါပြီ ။အရမ်းစိတ်မကောင်းပါဘူး ” လို့တင်​ထားခဲ့တဲ့အတွက်​ ပရိသတ်​​တွေ ထိတ်​လန့်ခဲ့ရတာပါ။

ဒါ​ပေမဲ့ သင်​ဇာရဲ့ post​လေးက ​အောက်​မှ​ရေးထားတာရှိပါ​သေးတယ်​။ အဲ့တာက​တော့
“ကျွန်ုပ် ရောဂါပိုးကူးစက်ခံနေရပါသည်။အရမ်းဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းနေတာက အရမ်းကို ကူးစက်တတ်တယ်။သင့်ရဲ့ အာရုံစူးစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။အဲဒီမှာ ရှိတယ်လို့လည်း အပြောခံလိုက်ရတယ်။ကာကွယ်ဆေး မရှိသေးပါ။
ဒါကိုပြန်တင်တာမြင်ရင် အဆုံးထိဘယ်သူဖတ်လဲဆိုတာသိမှာပါ ” လို့ ပရိသတ်​ကို ဟာသအ​နေနဲ့ ဂျင်းထည့်ထားတာဖြစ်​ပါတယ်​။

ကိုဗစ်​​ရောဂါဖြစ်​ပွား​နေတဲ့ကာလမှာ အရာရာတုန်​လှုပ်​​နေရတာမို့ ​သင်​ဇာရဲ့ပို့စ်​က ပရိသတ်​ကိုမျက်​လုံးပြူး​စေခဲ့တာပါ။ ရင်​တုန်​သွားခဲ့ရတဲ့ ပရိသတ်​​တွေက​တော့ သင်​ဇာ့ကိုဒီလိုမစ​နောက်​ဖို့ ​​တောင်းဆိုခဲ့ကြပါတယ်။

သင်​ဇာက​တော့ သူနဲ့ထိ​တွေ့သူတိုင်းကာကွယ်​​ဆေးမရှိတဲ့ ဆွဲ​ဆောင်​ပြီး ကြည့်​ကောင်းတဲ့​ရောဂါ ကူးစက်​ခံရမယ်​လို့ ​ပြောသွားပါတယ်​။ ဒါ​ပေမဲ့ ဒီလိုကာလကြီးမှာ အားလုံးပဲ တစ်​စုံတစ်​​ယောက်​နဲ့ မထိ​တွေ့ကြဘဲ ​ခြောက်​​ပေအကွာ​နေဖို့ မ​မေ့ကြပါနဲ့​နော်​။ ကိုဗစ်​ပိုးကလည်း အလွယ်​တကူကူးစက်​နိုင်​လို့ပါပဲ 😔

Yin Khat Pan ( Writer – LLA )

Post a Comment