ဧည့်သည်က"ထမင်းချက်တာနှေးတယ်၊အသုံးမကျဘူး"ပြောလို့အိမ်ရှင်ကဧည့်သယ်ကိုဓားနှင့်ခုတ်သတ်
အမှုဖြစ်စဉ်မှာ၁၅.၉.၂၀၂၀ရက်နံနက်၇နာရီအချိန်ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့မရဲစခန်းတွင်ဒုရဲမှူးလှိုင်ဝင်းသည်စခန်းမှုးတာဝန်ထမ်းဆောင်နေစဉ်သာပေါင်းမြို့နယ်၊ကျွန်းကုန်းအုပ်စု၊ကျောက်အိုင်ရွာဥက္ကဌဦးစောစေးထူး(၃၅)နှစ်မှကညင်မြောင်ရွာအနီး
( ဒေသအခေါ် စံသာကွင်းအဖျားတွင်)လူတစ်ဦး ဓါးခုတ်ခံရ၍သေဆုံးကြောင်းဖုန်းဖြင့်သတင်းပေးပို့သဖြင့်စခန်းမှူး ဒုရဲမှူးလှိုင်ဝင်း ၊ တာဝန်မှူး ဒုရဲအုပ် ဧရာဖြိုး ၊ နယ်ထိန်း တပ်သား ဖြိုးကိုကို ၊ နယ်ထိန်းတပ်သား ဖြိုးပိုင်စိုး ၊နယ်ထိန် တပ်သား ပြည့်ဖြိုးပိုင် ၊နယ်ထိန်းတပ်သား သက်ဇာနည်ထွန်း တို့အဖွဲ့သည်သက်သေများနှင့်အတူအခင်းဖြစ်အရပ်သို့သွားရောက်ကြည့်ရှု့စစ်ဆေးရာသေဆုံးသူမှာမောလေထူး(၂၇)နှစ်၊မီးသွေးတိုက်အုပ်စု၊ဆိတ်ကြီးရွာနေသူဖြစ်ပြီး၎င်းတွင်ယာဘက်လည်ပင်းတွင်(၃)လက်မခွဲခန့်ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့်သေဆုံးနေကြောင်းတွေ့ရှိ၍ဖြစ်စ်အားရဲတပ်ဖွဲ့ကစစ်မေးရာကျေးအုပ်ချုပ်ရေးမှူးဦးစောစေးထူးက၎င်းသည်၁၅.၉.၂၀၂၀ရက်နံနက်၆နာရီခွဲအချိန်ခန့်နေအိမ်တွင်ရှိနေစဉ်ကျွန်းကုန်းအုပ်စု၊ကညင်မြောင်ရွာနေရပ်မိရပ်ဖဦးဝင်းနေနှင့်ရာအိမ်မှူးဦးစောဒိုင်းစယ်ထူးတို့မှဖုန်းဆက်ပြီးကညင်မြောင်ကျေးရွာ( ဒေသအခေါ် စံသာကွင်းအဖျား) တွင်စောဝါးစေး (၅၅)နှစ်မှမောလေထူးအားဓါးဖြင့်ခုတ်၍အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်းပြောသဖြင့်ဦးစောစေးထူးမှသက်သေဦးစောဒိုင်းစယ်ထူး၊ဦးဝင်းနေတို့နှင့်အတူသွားရောက်ကြည့်ရှုရာကညင်မြောင်ရွာနေဦးဖိုးမဲငယ်ပိုင်ဆိုင်သောလယ်ထဲရှိစောဝါးစေး နေထိုင်သည့်တဲပေါ်တွင်မောလေထူးမှာယာဘက်လည်ပင်းတွင်ဒဏ်ရတစ်ချက်ဖြင့်မှောက်လျက်
သေဆုံးနေသည်ကိုတွေ့မြင်ရသဖြင့်မောလေထူးကိုအသက်သေဆုံးစေရန်ဓားနှင့်ခုတ်သတ်သူစောဝါးစေး(၅၅)နှစ်ကိုဥပဒေအရအပြစ်ပေးအရေးယူပေးပါရန်တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့ရာသာပေါင်းမြို့မရဲစခန်း(ပ)၃၈၀/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာအမှုစစ်ဒုရဲမှုးလှို၀င်းကအခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊သေဆုံးသူအလောင်းကိုရဲဆေးစာပေးပို့စစ်ဆေးစေခဲ့ရာသာပေါင်းမြို့ပြည်သူ့ဆေးရုံကြီးတာ၀န်ကျဆရာ၀န်မှပီအာရ်(၁၂/၂၀၂၀)ဖြင့်လက်ခံစစ်ဆေးနေကြောင်းနှင့်သက်သေအချို့နှင့်တရားလိုကိုအသေးစိပ်စစ်မေးကာပြစ်မှုကျူးလွန်သူစောဝါးစေးကိုအမှုနှင့်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဒုရဲမှုးလှို၀င်းကပြစ်မှုကျူးလွန်သူစေ
ာဝါးစေးကိုအမှုနှင့်စစ်မေးခဲ့ရာ၎င်းက၁၄.၉.၂၀၂၀ရက်ည၁၀နာရီအချိန်၌စံသာကွင်းအဖျားရှိဦးမိုးမဲငယ်ပိုင်ဆိုင်သောလယ်ထဲရှိတဲတွင်တစ်ဦးထဲနေထိုင်စဉ်ယခင်ကခင်မင်ရင်းနှီးသောမောလေထူးရောက်ရှိလာသဖြင့်စကားထိုင်ပြောနေကြကြောင်း၊၁၅-၉.၂၀၂၀ရက်နံနက်(၃)နာရီအချိန်ခန့်တွင်မောလေထူးမှထမင်းစားချင်သည်ဟုပြောသဖြင့်ထမင်းချက်ပြီးပြင်ပေးစဉ်မောလေထူးမှခင်ဗျားထမင်းချက်တာ နှေးလိုက်တာ၊အသုံးမကျဘူးဟုပြောဆိုပြီး
ယာဘက်ဝမ်းဗိုက်အားတစ်ချက်ကန်လိုက်လိုက်သဖြင့်စိတ်ဆိုးပြီးတဲအောက်အဆင့်တွင်ထားသော အရိုး(၁၀)လက္မ၊အသွား(၁၂)လက္မခွဲ၊အရိုးအသွား (၂၂)လက်မခွဲခန့်ရှိ ထင်းခုတ်ဓါးမအားဆင်းယူပြီး မောလေထူးအားခုတ်ရာယာဘက်လည်ပင်းခုတ်မိပြီးသေဆုံးသွားကြောင်းပေါ်ပေက်ချက်အရသိရှိရသဖြင့်မောလေထူးနေထိုင်သောမီးသွေးတိုက်အုပ်စုမှအုပ်ချုပ်ရေးမှူးဦးစတီးဖင်မိုးအားဖုန်းဖြင့်ဆက်သွယ်ပြီးသေဆုံးသူ၏မိသားစုဝင်များအားလွှတ်ပေးရန်ပြောဆိုရာသေဆုံးသူ၏မိဘဆွေမျိုးများနေထိုင်ခြင်းမရှိကြောင်းပြောပြသိရှိရပြီးစခန်းမှူးဒုရဲမှူးလှိုင်ဝင်မှ၁၅.၉.၂၀၂၀ရက်နေ့တွင်သာပေါင်းမြို့နယ်တရားရုံးတွင်ချုပ်ရီမာန်တောင်းခံပြီးဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
စိုး၀င်း(သာပေါင်း)S.H
ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်