Zawgyi
“စုေရ ျပန္လာခဲ့ပါလား ” ဆိုတဲ့ သနားစရာအျဖစ္အပ်က္ေလးတစ္ခု
“စုေရ ျပန္လာခဲ့ပါလား ” ဆိုတဲ့စကားကို မိုက္ကယ္လ္ ဟာ ဘယ္ေတာ့မွာ မေျပာခဲ့ဘူးတဲ့။ အဲ့ဒီအစား “ကိုလာမယ္ ၊ ကိုယ္စုဆီလာမယ္။ကိုစု နဲ႔ေတြခ်င္တယ္ ” ဖုန္းရတိုင္း ၊ စာေရးတိုင္မွာ ေျပာခဲ့သတဲ့။မိုက္ကယ္လ္ ဟာ ကင္ဆာျဖစ္ပီး အေျခအေနမေကာင္းေတာ့တဲ့ေနာက္ဆုံးအခ်ိန္ထိေအာင္ျမန္မာနိုင္ငံကို ၊ အက်ယ္ခ်ဳပ္က်ေနတဲ့ စုဆီကို လာဖို့ Visa ေလၽွာက္ခဲ့တယ္။
အႀကိမ္ ၃၀ တိတိ ထိ ေလၽွာက္ခဲ့ေပမယ့္ ျမန္မာအစိုးရက ပယ္ခ်ခဲ့တယ္။ဗီဇာေပးဖို့ ေတာင္ဆိုၾကတဲ့အထဲမွာ ကိုဖီအာနန္ တို့ ပုပ္ရဟန္းမင္းႀကီး John Paul II တို့ လို ပုဂၢိလ္ေတြေတာင္ပါေလရဲ့။ေနက္ဆုံးစိတ္ေလၽွာ့လိုက္တဲ့အခ်ိန္ကစၿပီး မိုက္ကယ္လ္ဟာ ေဆး႐ုံေပၚေရာက္သြားခဲ့တယ္။ေနာက္ တျဖည္းျဖည္းနဲ႔ ကြယ္လြန္သြားခဲ့တယ္။
သူ႔ေနာက္ဆုံးခ်ိန္ထိ စုကို စိတ္ယိုင္သြားေစမယ့္ စကားေတြ တခြန္းမွမဟခဲ့ သလိုအျမဲဂ႐ုစိုက္ဖို့ စိုးရိမ္မွုေတြနဲ႔ တဖြဖြ မွာေနတတ္တဲ့ မိုက္ကယ္လ္။၁၉၉၉ march 27 သူ႔ရဲ့ 53 ႏွစ္ေျမာက္ေမြးေန႔ မနက္ခင္း ၆နာရီမွာ ကြယ္လြန္သြားခဲ့တယ္။သူခ်စ္တဲ့အမ်ိဳးသမီး ရဲ့ ယုံၾကည္ခ်က္ကို ေသတဲ့အထိ နားလည္ေပးခဲ့တဲ့ ဒီလို ခ်စ္သူ ခင္ပြန္း တစ္ေယာက္ပါ။
မိုက္ကယ္လ္ အေျခအေနမေကာင္းေၾကာင္း မိုက္ကယ္လ္အမြာ ညီအကို Antony ဆီက သတင္းရေတာ့စုဟာ တယ္လီဖုန္းကို ဆက္ဖို့ႀကိဳးစားတယ္။အျမဲလည္းႀကိဳးစားခဲ့ေပမယ့္ အျမဲလိုင္းျဖတ္ခံထားရတဲ့ ဖုန္းက သုံးမရခဲ့။စုလိုရင္ အျမဲအကူညီေပးတတ္တဲ့ ၿဗိတိသၽွ သံ႐ုံးကို သြားခဲ့တယ္။( အဲ့သည္အခ်ိန္က ျမန္မာအစိုးရဟာ စုကို ျပန္ခ်င္လည္းျပန္ဆိုပီး လြတ္ၿငိမ္းခြင့္ေပးထားတဲ့အခ်ိန္)(အခ်ိန္ကိုက္ရက္စက္မွု ေတြထဲကတစ္ခုေပါ့)သူမွာခ်င္တဲ့ ေနာက္ဆုံးႏုတ္ဆက္စကား ကို video tape နဲ႔အတူပို့ဖို့ စုဟာစီစဥ္ခဲ့တယ္။
စုေျပာခဲ့တဲ့ ေနာက္ဆုံးစကားေလးက “စုအေပၚ အဆုံးစြန္ထိ နားလည္ေပးခဲ့တဲ့ ဇနီးမယားတစ္ေယာက္ရဲ့ ပ်က္ကြက္မွုေတြကို ခြင့္လြတ္ေပးခဲ့တဲ့ မိုက္ကယ္ကိုေလ..စုအရမ္းခ်စ္ပါတယ္”တဲ့ေလ။အဲ့ဒီေန႔က စုဟာ အျပာေရာင္အက်ီေလးနဲ႔ ေခါင္းမွာ ႏွင္းဆီပန္အျဖဴေလးကို ပန္ထားခဲ့သတဲ့။မိုက္ကယ္လ္ ဆုံးတဲ့ သတင္းကို ရေတာ့စုဟာ မ်က္ရည္မက်ခဲ့ေတာ့ဘူး။
ေနာက္မွသိခဲ့ရတာကေနာက္ဆုံးႏုတ္ဆက္စကား ဆိုဖို့ အ႐ုပ္ေရာအသံပါရိုက္ကူးခဲ့တဲ့ အေခြtape ေလးဟာ သူဆုံးၿပီး ၂ ရက္မွေရာက္သြားခဲ့တဲ့ အေၾကာင္းေပါ့ း။ စု ဆိုတဲ့တခ်ိန္က အမ်ိဳးသမီးေလးဟာခုျမင္ေနရတဲ့ သန္မာလြန္းတဲ့ အေမစု ပါလား ဆိုပီးေတြးမိတိုင္း ဖတ္ရင္း သိပ္ခံစားရတာပဲ။ခုလို လွပေမာ္ႂကြားနိုင္တဲ့ အခ်ိန္ေရာက္ဖို့ ဘယ္ေလာက္ေတာင္ စြန္႔လြတ္ခဲ့ရတယ္ ခံစားခဲ့ရတယ္ ဆိုတာေတြ ေတြးမိတိုင္း သည္ခ်ိန္မွာတာ အေမစုကို ေမးရင္ ဒါ သူေရြးခ်ယ္မွုပါ လို့ ျပဳံးျပဳံးေလးျပန္ေျပာမွာပဲ။
သည္လိုေရြးခ်ယ္နိုင္ဖို့ သူ သိမ္းဆည္းခဲ့ရတဲ့ ခံစားခ်က္ေတြ ဘယ္ေလာက္ေတာင္မ်ားလိုက္မလဲ ဆိုတာေတာ့ က်ေနာ္တို့ မသိနိုင္ခဲ့ပါဘူးေလ။(စာအုပ္ဖတ္ရင္း မ်က္ရည္က်တဲ့အခိုက္တန္႔ဆိုတာ တကယ္ရွိပါတယ္ဗ်ာ)” က်မ ဘဝ အတြက္ တကယ္လိုအပ္တဲ့ ” နားလည္မွု ” ဆိုတာကို တေလၽွာက္လုံး မညည္းမညဴေပးခဲ့တဲ့ သူလိုလူကို ခင္ပြန္းေတာ္ခြင့္ရခဲ့တဲ့ အတြက္ က်မသိပ္ကံေကာင္းခဲ့ပါတယ္ “တဲ့
NickM (မြန္ေဟာ္စီ – ေပးဆပ္သူရဲ့ ႏွလုံးသားဝိဉာဥ္ )စာအုပ္မွ/Credit
Unicode
“စုရေ ပြန်လာခဲ့ပါလား ” ဆိုတဲ့ သနားစရာအဖြစ်အပျက်လေးတစ်ခု
“စုရေ ပြန်လာခဲ့ပါလား ” ဆိုတဲ့စကားကို မိုက်ကယ်လ် ဟာ ဘယ်တော့မှာ မပြောခဲ့ဘူးတဲ့။ အဲ့ဒီအစား “ကိုလာမယ် ၊ ကိုယ်စုဆီလာမယ်။ကိုစု နဲ့တွေချင်တယ် ” ဖုန်းရတိုင်း ၊ စာရေးတိုင်မှာ ပြောခဲ့သတဲ့။မိုက်ကယ်လ် ဟာ ကင်ဆာဖြစ်ပီး အခြေအနေမကောင်းတော့တဲ့နောက်ဆုံးအချိန်ထိအောင်မြန်မာနိုင်ငံကို ၊ အကျယ်ချုပ်ကျနေတဲ့ စုဆီကို လာဖို့ Visa လျှောက်ခဲ့တယ်။
အကြိမ် ၃၀ တိတိ ထိ လျှောက်ခဲ့ပေမယ့် မြန်မာအစိုးရက ပယ်ချခဲ့တယ်။ဗီဇာပေးဖို့ တောင်ဆိုကြတဲ့အထဲမှာ ကိုဖီအာနန် တို့ ပုပ်ရဟန်းမင်းကြီး John Paul II တို့ လို ပုဂ္ဂိလ်တွေတောင်ပါလေရဲ့။နေက်ဆုံးစိတ်လျှော့လိုက်တဲ့အချိန်ကစပြီး မိုက်ကယ်လ်ဟာ ဆေးရုံပေါ်ရောက်သွားခဲ့တယ်။နောက် တဖြည်းဖြည်းနဲ့ ကွယ်လွန်သွားခဲ့တယ်။
သူ့နောက်ဆုံးချိန်ထိ စုကို စိတ်ယိုင်သွားစေမယ့် စကားတွေ တခွန်းမှမဟခဲ့ သလိုအမြဲဂရုစိုက်ဖို့ စိုးရိမ်မှုတွေနဲ့ တဖွဖွ မှာနေတတ်တဲ့ မိုက်ကယ်လ်။၁၉၉၉ march 27 သူ့ရဲ့ 53 နှစ်မြောက်မွေးနေ့ မနက်ခင်း ၆နာရီမှာ ကွယ်လွန်သွားခဲ့တယ်။သူချစ်တဲ့အမျိုးသမီး ရဲ့ ယုံကြည်ချက်ကို သေတဲ့အထိ နားလည်ပေးခဲ့တဲ့ ဒီလို ချစ်သူ ခင်ပွန်း တစ်ယောက်ပါ။
မိုက်ကယ်လ် အခြေအနေမကောင်းကြောင်း မိုက်ကယ်လ်အမွာ ညီအကို Antony ဆီက သတင်းရတော့စုဟာ တယ်လီဖုန်းကို ဆက်ဖို့ကြိုးစားတယ်။အမြဲလည်းကြိုးစားခဲ့ပေမယ့် အမြဲလိုင်းဖြတ်ခံထားရတဲ့ ဖုန်းက သုံးမရခဲ့။စုလိုရင် အမြဲအကူညီပေးတတ်တဲ့ ဗြိတိသျှ သံရုံးကို သွားခဲ့တယ်။( အဲ့သည်အချိန်က မြန်မာအစိုးရဟာ စုကို ပြန်ချင်လည်းပြန်ဆိုပီး လွတ်ငြိမ်းခွင့်ပေးထားတဲ့အချိန်)(အချိန်ကိုက်ရက်စက်မှု တွေထဲကတစ်ခုပေါ့)သူမှာချင်တဲ့ နောက်ဆုံးနုတ်ဆက်စကား ကို video tape နဲ့အတူပို့ဖို့ စုဟာစီစဉ်ခဲ့တယ်။
စုပြောခဲ့တဲ့ နောက်ဆုံးစကားလေးက “စုအပေါ် အဆုံးစွန်ထိ နားလည်ပေးခဲ့တဲ့ ဇနီးမယားတစ်ယောက်ရဲ့ ပျက်ကွက်မှုတွေကို ခွင့်လွတ်ပေးခဲ့တဲ့ မိုက်ကယ်ကိုလေ..စုအရမ်းချစ်ပါတယ်”တဲ့လေ။အဲ့ဒီနေ့က စုဟာ အပြာရောင်အကျီလေးနဲ့ ခေါင်းမှာ နှင်းဆီပန်အဖြူလေးကို ပန်ထားခဲ့သတဲ့။မိုက်ကယ်လ် ဆုံးတဲ့ သတင်းကို ရတော့စုဟာ မျက်ရည်မကျခဲ့တော့ဘူး။
နောက်မှသိခဲ့ရတာကနောက်ဆုံးနုတ်ဆက်စကား ဆိုဖို့ အရုပ်ရောအသံပါရိုက်ကူးခဲ့တဲ့ အခွေtape လေးဟာ သူဆုံးပြီး ၂ ရက်မှရောက်သွားခဲ့တဲ့ အကြောင်းပေါ့ း။ စု ဆိုတဲ့တချိန်က အမျိုးသမီးလေးဟာခုမြင်နေရတဲ့ သန်မာလွန်းတဲ့ အမေစု ပါလား ဆိုပီးတွေးမိတိုင်း ဖတ်ရင်း သိပ်ခံစားရတာပဲ။ခုလို လှပမော်ကြွားနိုင်တဲ့ အချိန်ရောက်ဖို့ ဘယ်လောက်တောင် စွန့်လွတ်ခဲ့ရတယ် ခံစားခဲ့ရတယ် ဆိုတာတွေ တွေးမိတိုင်း သည်ချိန်မှာတာ အမေစုကို မေးရင် ဒါ သူရွေးချယ်မှုပါ လို့ ပြုံးပြုံးလေးပြန်ပြောမှာပဲ။
သည်လိုရွေးချယ်နိုင်ဖို့ သူ သိမ်းဆည်းခဲ့ရတဲ့ ခံစားချက်တွေ ဘယ်လောက်တောင်များလိုက်မလဲ ဆိုတာတော့ ကျနော်တို့ မသိနိုင်ခဲ့ပါဘူးလေ။(စာအုပ်ဖတ်ရင်း မျက်ရည်ကျတဲ့အခိုက်တန့်ဆိုတာ တကယ်ရှိပါတယ်ဗျာ)” ကျမ ဘဝ အတွက် တကယ်လိုအပ်တဲ့ ” နားလည်မှု ” ဆိုတာကို တလျှောက်လုံး မညည်းမညူပေးခဲ့တဲ့ သူလိုလူကို ခင်ပွန်းတော်ခွင့်ရခဲ့တဲ့ အတွက် ကျမသိပ်ကံကောင်းခဲ့ပါတယ် “တဲ့
NickM (မွန်ဟော်စီ – ပေးဆပ်သူရဲ့ နှလုံးသားဝိဉာဉ် )စာအုပ်မှ/Credit