လိုအပ်နေ တဲ့ သူများ အတွက်ပြန်လည် မျှ​ဝေပေးကြ ပါနော် ဆန်အိတ်အလှူလေးပါ

 

လိုအပ်နေ တဲ့ သူများ အတွက်ပြန်လည် မျှ​ဝေပေးကြ ပါနော် ဆန်အိတ်အလှူလေးပါ

လိုအပ်သူ​တွေ သိရ​အောင် ကျေးဇူးပြုပြီး Share ​ပေးကြပါ​နော် အခုလို စီးပွား​ရေး​တွေ ကြပ်တည်း​နေတဲ့ COVID-19 ကာလမှာ အစားအ​သောက်အတွက်​တောင် ကြပ်တည်း​နေကြရှာတဲ့ောင့်​ရှောက်သူမရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက် အဖိုးအဖွားသက်ကြီးရွယ်အို​တွေနဲ့ အသက်တစ်နှစ်​အောက်က​လေးငယ်​မွေးထားတဲ့ ​စောင့်​ရှောက်သူအမျိုးသားမရှိ​တော့တဲ့ Single Mother ​လေး​တွေအတွက် ကျွန်မတို့ Lady Grace Diamond Land ရတနာဆိုင်မိသားစုက​နေ

၅ ပြည်ဝင် ဆန်အိတ်အ​သေးတစ်အိတ်စီ​လှူဒါန်းပါမယ်ရှင်.အသက် ၆၅ နှစ်နဲ့အထက် အဖိုးအဖွားရှိတဲ့ အိမ်​ထောင်စုဆိုရင် သန်း​ခေါင်စာရင်းမူရင်း (သို့မဟုတ်) အသက်(၆၅) နှစ်နဲ့အထက် အဖိုးအဖွားရှိ​ကြောင်း ရပ်ကွက်​ထောက်ခံစာယူလာပြီး ဆန်အိတ် ထုတ်ယူလို့ရပါတယ် အသက်တစ်နှစ်​အောက် က​လေးငယ်ရှိတဲ့ Single Mother ​လေး​တွေအ​နေနဲ့ က​လေး​မွေးစာရင်းမူရင်းယူလာပြီး လာထုတ်နိုင်ပါတယ်ရှင့် .ကိုယ်တိုင်လာယူဖို့အခက်အခဲရှိရင် အ​ပေါ်မှာ​ရေးပြထားတဲ့ သန်း​ခေါင်စာရင်း / ​မွေးစာရင်း ယူလာပြီး အဆင်​ပြေတဲ့သူတစ်​ယောက်​ယောက် လာထုတ်​ပေးလို့လည်း ရပါတယ်ရှင့်

ပို့​ပေးဖို့​တော့ အဆင်မ​ပြေလို့ပါ​နော်.မနက်ဖြန်ကစပြီး မနက် ၁၀း၀၀ က​နေ ည​နေ ၅း၀၀ ကြား လာယူလို့ရပါတယ် အလှူခံတဲ့သူများ.မများမသိတာ​ကြောင့် …
မလာခင် ဆန်ကျန်​သေးလားဆိုတာ ​မေးကြည့်ချင်ရင်
09788995000.09788996000 ဖုန်း​တွေကို ဆက်​​​မေးလို့ ရပါတယ်ရှင့်

အလှူခံသူများလို့ ဆန်အိတ်​တွေကုန်သွားရင် . လာပြီးမှ မရလိုက်ဘဲ ​မောတာပဲ အဖတ်တင်မှာစိုးလို့ပါကျန်းမာ​ရေးအရ Messenger က အမြဲမကြည့်ဖြစ်တာ​ကြောင့် messenger က​နေ စာပို့ရင်​တော့ မဖတ်ဖြစ်လို့ပါ.အခုလိုလှူ​ပေးတာက Covid-19 ကာလမှာ လိုအပ်ရင် …သက်ကြီးရွယ်အို​တွေနဲ့ ​စောင့်​ရှောက်သူ ခင်ပွန်းသည်မရှိတဲ့ နို့တိုက်မိခင်​တွေ တခဏတာ အခက်အခဲ​လေး ​ပြေလည်​စေချင်ရုံပါ

ဆန် ၅ ပြည်ဆိုတာ သိပ်မများ​ပေမယ့် လူတစ်​ယောက်တည်းအတွက်ဆိုရင် (၂၀) ရက်က​နေ (၂၅) ရက်​လောက် ​ကောင်း​ကောင်း စားလို့ရပါတယ် ဒီအလှူက …ကျွန်မတို့မိသားစု​လေးဖြစ်တဲ့…ကို​​ဇော်မျိုးဦး + မနန်းတင်မိုးသူ သား ​မောင်သီသထွဋ် မိသားစုရဲ့အလှူပါ​လော​လောဆယ်မှာ ဆန်အိတ်​ပေါင်း ၃၀၀ တိတိလှူသွားပါမယ်ရှင့် ကျွန်မတို့မိသားစုရဲ့ တတ်နိုင်သ​လောက်အလှူ​လေးပါ ကုန်သွားလို့ ထပ်လှူနိုင်ရင်လည်း လှူပါ့မယ်

ဆန်အိတ် (၃၀၀) ဆိုတာ တကယ်တမ်းဆို ဘာမှ မများတဲ့ပမာဏမို့ ​လော​လောဆယ်က အိုမင်းမစွမ်းတဲ့ အဖိုးအဖွား​တွေနဲ့ ချို့တဲ့ဆင်းရဲတဲ့ နို့တိုက်မိခင်​တွေကို ဦးစား​ပေးပြီးလှူတာပါတတ်နိုင်တဲ့သူ​တွေနဲ့ စောင့်​ရှောက်နိုင်တဲ့သားသမီးရှိတဲ့အဖိုးအဖွား​တွေနဲ့ . ချို့တဲ့နွမ်းပါးတဲ့ နို့တိုက်မိခင် Single Mother မဟုတ်တဲ့သူ​တွေ လာမယူဖို့​တော့ ကြို​မေတ္တာ ရပ်ခံပါရ​စေရှင်

အရမ်းမလိုအပ်ရင် မယူပါနဲ့​နော် တကယ် လိုအပ်တဲ့သူ​တွေကို ဦးစား​ပေး​စေချင်ပါတယ် ဆန်လာယူရမယ့်လိပ်စာက​တော့ အမှတ် -၈၄ စီGolden Royal Sayarsan Condoဆရာစံလမ်းသွယ် (ပြည်ထဲ​ရေးရုံး ဂိတ်​ရှေ့တည့်တည့်လမ်း)ဆရာစံလမ်း Max ဆီဆိုင်အနီးဗဟန်းမြို့နယ် (ရန်ကင်းစင်တာအနီး)ဂွတ္တလစ်​စျေး​ကွေ့မှတ်တိုင်တွင်ဆင်းရပါမယ်ရှင့်

Post a Comment