အမေရိကန်သမ္မတဂျိမ်းစ်ဆော်ရာဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့တပ်ဖွဲ့တွေကိုပြန်ရုတ်သိမ်းဖို့ အငြင်းပွားဖွယ်အဆို ပြုလုပ်ခဲ့တာကြောင့် ဆန့်ကျင်မှုအချို့နဲ့ကြုံတွေ့နေရပါတယ်။ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ဂျွန်ကေးလ်က အဆက်အသွယ်တစ်ခုကြောင့် အိမ်ဖြူတော်မှာအလုပ်အင်တာဗျူးဝင်ခွင့်ရရှိခဲ့ပါတယ်။ ဂျွန်ရဲ့သမီးလေးဖြစ်တဲ့ အမ်မလီကေးလ်ဟာဆိုရင်လဲ ငယ်ရွယ်ပေမယ့် နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်ပြီး သမ္မတဆော်ရာကို ထောက်ခံအားပေးတဲ့သူ တစ်ယောက်လဲဖြစ်ပါတယ်။
ဂျွန်ဟာသမီးငယ်လေးနဲ့အတူ အိမ်ဖြူတော်မှာ အလုပ်လာလျှောက်ခဲ့ရာမှာ အင်တာဗျူးတဲ့သူက ဂျွန်ရဲ့ကျောင်းနေဖက်ဟောင်း ကာရိုလ်ဖင်နာတီဖြစ်နေပါတယ်။ကာရိုလ်ဟာ ဂျွန်ရဲ့ကျောင်းသားဘဝတုန်းက စရိုက်ကိုသဘောမကျဖြစ်နေပြီး သမ္မတကိုကာကွယ်ဖို့အရည်အချင်းမပြည့်မီဘူးလို့ယူဆကာ အလုပ်မပေးခဲ့ပါဘူး။ ဂျွန်ကတော့ သူ့ကိုမျှော်လင့်တကြီးစောင့်စားနေတဲ့ သမီးငယ်လေးစိတ်ပျက်မှာစိုးပြီး အလုပ်ရခဲ့တယ်လို့လိမ်ပြောထားပါတယ်။ သားအဖနှစ်ယောက် tour အဖွဲ့နဲ့အတူအိမ်ဖြူတော်မှာ လှည့်လည်ကြည့်ရှုနေတုန်း အမ်မလီလေးကအောက်ထပ်ကအိမ်သာဆီ တစ်ယောက်ထဲသွားခဲ့ပါတယ်။အဲ့အချိန်မှာပဲအကြမ်းဖက်သမားတစ်စုက အိမ်ဖြူတော်ကိုဗုံးခွဲတိုက်ခိုက်သိမ်းပိုက်ပြီး tourအဖွဲ့ကိုဓားစာခံအနေနဲ့ဖမ်းဆီးထားပါတယ်။သမ္မတဆော်ရာဟာလဲ အတွင်းလူရဲ့သစ္စာဖောက်ခံရလို့ တစ်ယောက်ထဲအကူအညီမဲ့စွာနဲ့ဖမ်းဆီးခံထားရပါတယ်။ ဓားစာခံဖြစ်နေတဲ့ဂျွန်ဟာ အကြမ်းဖက်သမားရဲ့လက်ကထွက်ပြေးခဲ့ပြီး သမီးငယ်လေးကိုရှာဖွေဖို့အောက်ထပ်ကိုဆင်းအလာမှာ ထိန်းသိမ်းခံထားရတဲ့သမ္မတနဲ့တွေ့လိုက်ရပါတော့တယ်….
ဂျွန်တစ်ယောက် သမ္မတကိုအကြမ်းဖက်သမားတွေလက်က လွတ်အောင်ကယ်တင်ပေးနိုင်မလား…တစ်ယောက်ထဲအဖော်ကွဲနေတဲ့ အမ်မလီလေးကိုလဲရှာတွေ့နိုင်ပါ့မလား…
အမ်မလီလေးကရော လူဆိုးတွေမတွေ့အောင်ဘယ်လိုပုန်းရှောင်ပြီးနေမလဲဆိုတာ ဒီကားလေးထဲမှာ ရှုစားကြရမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ကြောက်ဖို့ကောင်းလှတဲ့နိုင်ငံရေးလောကရဲ့ အရှုပ်အထွေးတွေကိုလဲတွေ့မြင်ရမှာဖြစ်ပြီး သမ္မတဖမ်းဆီးခံထားရတဲ့နောက်ကွယ်မှာ ကြီးမားတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုလဲရှိနေတဲ့အတွက် တကယ့်သစ္စာဖောက်ကဘယ်သူလဲဆိုတာကို အဆုံးထိကြည့်ရှုရင်းအဖြေရှာလိုက်ကြရအောင်ပါ….
(Zawgyi)
အေမရိကန္သမၼတဂ်ိမ္းစ္ေဆာ္ရာဟာ အေရွ႕အလယ္ပိုင္းမွာရွိတဲ့တပ္ဖြဲ႕ေတြကိုျပန္႐ုတ္သိမ္းဖို႔ အျငင္းပြားဖြယ္အဆို ျပဳလုပ္ခဲ့တာေၾကာင့္ ဆန္႔က်င္မႈအခ်ိဳ႕နဲ႔ႀကဳံေတြ႕ေနရပါတယ္။ရဲအရာရွိတစ္ေယာက္ျဖစ္တဲ့ ဂြၽန္ေကးလ္က အဆက္အသြယ္တစ္ခုေၾကာင့္ အိမ္ျဖဴေတာ္မွာအလုပ္အင္တာဗ်ဴးဝင္ခြင့္ရရွိခဲ့ပါတယ္။ ဂြၽန္ရဲ႕သမီးေလးျဖစ္တဲ့ အမ္မလီေကးလ္ဟာဆိုရင္လဲ ငယ္႐ြယ္ေပမယ့္ ႏိုင္ငံေရးကိုစိတ္ဝင္စားတဲ့သူတစ္ေယာက္ျဖစ္ၿပီး သမၼတေဆာ္ရာကို ေထာက္ခံအားေပးတဲ့သူ တစ္ေယာက္လဲျဖစ္ပါတယ္။
ဂြၽန္ဟာသမီးငယ္ေလးနဲ႔အတူ အိမ္ျဖဴေတာ္မွာ အလုပ္လာေလွ်ာက္ခဲ့ရာမွာ အင္တာဗ်ဴးတဲ့သူက ဂြၽန္ရဲ႕ေက်ာင္းေနဖက္ေဟာင္း ကာ႐ိုလ္ဖင္နာတီျဖစ္ေနပါတယ္။ကာ႐ိုလ္ဟာ ဂြၽန္ရဲ႕ေက်ာင္းသားဘဝတုန္းက စ႐ိုက္ကိုသေဘာမက်ျဖစ္ေနၿပီး သမၼတကိုကာကြယ္ဖို႔အရည္အခ်င္းမျပည့္မီဘူးလို႔ယူဆကာ အလုပ္မေပးခဲ့ပါဘူး။ ဂြၽန္ကေတာ့ သူ႔ကိုေမွ်ာ္လင့္တႀကီးေစာင့္စားေနတဲ့ သမီးငယ္ေလးစိတ္ပ်က္မွာစိုးၿပီး အလုပ္ရခဲ့တယ္လို႔လိမ္ေျပာထားပါတယ္။ သားအဖႏွစ္ေယာက္ tour အဖြဲ႕နဲ႔အတူအိမ္ျဖဴေတာ္မွာ လွည့္လည္ၾကည့္ရႈေနတုန္း အမ္မလီေလးကေအာက္ထပ္ကအိမ္သာဆီ တစ္ေယာက္ထဲသြားခဲ့ပါတယ္။အဲ့အခ်ိန္မွာပဲအၾကမ္းဖက္သမားတစ္စုက အိမ္ျဖဴေတာ္ကိုဗုံးခြဲတိုက္ခိုက္သိမ္းပိုက္ၿပီး tourအဖြဲ႕ကိုဓားစာခံအေနနဲ႔ဖမ္းဆီးထားပါတယ္။သမၼတေဆာ္ရာဟာလဲ အတြင္းလူရဲ႕သစၥာေဖာက္ခံရလို႔ တစ္ေယာက္ထဲအကူအညီမဲ့စြာနဲ႔ဖမ္းဆီးခံထားရပါတယ္။ ဓားစာခံျဖစ္ေနတဲ့ဂြၽန္ဟာ အၾကမ္းဖက္သမားရဲ႕လက္ကထြက္ေျပးခဲ့ၿပီး သမီးငယ္ေလးကိုရွာေဖြဖို႔ေအာက္ထပ္ကိုဆင္းအလာမွာ ထိန္းသိမ္းခံထားရတဲ့သမၼတနဲ႔ေတြ႕လိုက္ရပါေတာ့တယ္….
ဂြၽန္တစ္ေယာက္ သမၼတကိုအၾကမ္းဖက္သမားေတြလက္က လြတ္ေအာင္ကယ္တင္ေပးႏိုင္မလား…
တစ္ေယာက္ထဲအေဖာ္ကြဲေနတဲ့ အမ္မလီေလးကိုလဲရွာေတြ႕ႏိုင္ပါ့မလား…
အမ္မလီေလးကေရာ လူဆိုးေတြမေတြ႕ေအာင္ဘယ္လိုပုန္းေရွာင္ၿပီးေနမလဲဆိုတာ ဒီကားေလးထဲမွာ ရႈစားၾကရမွာပဲျဖစ္ပါတယ္။
ဒါ့အျပင္ ေၾကာက္ဖို႔ေကာင္းလွတဲ့ႏိုင္ငံေရးေလာကရဲ႕ အရႈပ္အေထြးေတြကိုလဲေတြ႕ျမင္ရမွာျဖစ္ၿပီး သမၼတဖမ္းဆီးခံထားရတဲ့ေနာက္ကြယ္မွာ ႀကီးမားတဲ့လွ်ိဳ႕ဝွက္ခ်က္ႀကီးတစ္ခုလဲရွိေနတဲ့အတြက္ တကယ့္သစၥာေဖာက္ကဘယ္သူလဲဆိုတာကို အဆုံးထိၾကည့္ရႈရင္းအေျဖရွာလိုက္ၾကရေအာင္ပါ….
Download link👇👇👇
👉👉https://drive.google.com/file/d/1OFZ3x__d_XYWC-gTyj6iNzv-iEGAnClk/view?usp=sharing👈👈

